Flash Song & Game ကူးနည်း ( Full Screen မပေါ်သော၊သူများ Page ပေါ်မှာ ချိတ်ထားသော SWF များ ကူးနည်း )

အရင်တုန်းက Full Screen မှာပေါ်တဲ့ Flash Song တွေ Game တွေကူးတာ ပြောပြခဲ့ပါတယ် .. ဒါပေမယ့် ... Page မှာ ချိတ်ထားတဲ့ Game တွေ Song တွေကျတော့ ကူးရတာနည်းနည်းပိုခက်ပါတယ်။ အခုပထမဆုံးအနေနဲ့ Flash Game Group ထဲက  ဘောလုံးပယ်နယ်တီကန်ကြရအောင်ဆိုတဲ့ Game ကိုကူးပြပါမယ် ။ ပထမဆုံး အဲ့ Page ကိုသွားရမှာပေါ့ ..ဒီလင့်ခ် ပေါ်မှာ Right Click နှိပ် Open Link in New Tab ကိုရွှေးပြီးသွားလိုက်ပါ ။ခု အဲ့ပေ့ခ်ျကိုရောက်သွားမှာပေါ့ .. ( တစ်ခြားဆိုဒ်က ကူးမယ်ဆိုလည်း www.y8.com ကနေကူးနိုင်ပါတယ် ။ )


ပြီးသွားရင် Mozilla Menu Bar ထဲက Tool ကိုရွေးပြီး Page Info ထဲကိုဝင်လိုက်ပါ ... ( ဂိမ်းကူးမယ့် Page မှာလုပ်ရမှာနော် !!!! )

Box ကျလာရင် Media Tab ပေါ်မှာ Click ချလိုက်ပါ ...


Media Tab အောက်မှာ ခုလိုမျိုး box ထဲမှာ စာတွေအများကြီးကျလာမှာပါ ( အရင်တုန်းက full screen song or game ကူးတုန်းက စာတစ်ကြောင်းပဲရှိတာကို မှတ်မိတယ်ဟုတ် ? )
အဲ့ဒီ စာတွေအများကြီးထဲက Embed ဆိုတဲ့ Type က တစ်ခြားဟာတွေနဲ့ မတူ မှိန်နေတာကို တွေ့ရမှာပါ .. အဲ့လိုမျိုး နှစ်ခုတွေ့ရပါလိမ့်မယ် ... အောက်ကပုံမှာပြထားတဲ့အတိုင်း Save As နှိပ်လိုက်ပြီး Save မှတ်မယ့်နေရာရွေးပြီးသိမ်းလိုက်ရင် သူငယ်ချင်းတို့ရဲ့ အပိုင်ဖြစ်သွားပါပြီ


.Embed နှစ်ခုအမြဲရှိတတ်ပါတယ် ......
http://api.ning.com/files/......................   ဆိုတာကို ကူးပါ  ( file လို့ရေးထားတာ ပါရင် ကူးပါ )
___နောက်တစ်ခု flash player ချိတ်ထားတာပါ .. အောက်ကဥစ္စာပါ .. အဲ့ဒါကိုကူးရမှာမဟုတ်ပါဘူး .. ရှောင်ဖို့ပါ

No comments:

Post a Comment