window server 2003 & 2008 (မြန်မာလို)

အရင်က တင်ပေးထားတဲ့ Link က သေသွားပြီဆိုလို့ အသစ်ပြန်တင်ပေးလိုက်ပါတယ် .
ကျွန်တော်တင်ပေးလိုက်ပါပြီ . window server 2003 ကို စိတ်ဝင်စားသူများ လေ့လာလို့ရပါတယ် . စာရေးဆရာကတော့ ထုံးစံအတိုင်းပဲ ဦးဇော်လင်း ရေးသားထားတာပါ . မူရင်း scanner ဖတ်တဲ့သူ ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် ကျေးဇူးတင် ပါတယ်ဗျာ . ကျွန်တော့်ကတော့ ထိုင်းမှာ ရောက်နေတာနဲ့ scanner ဖတ်ဖို့ အချိန်လု ရတာနဲ့ကို မဖတ်ဖြစ်ပါဘူး . နောက်ပိုင်းတော့ လုပ်ပေးပါဦးမယ် .. လုပ်ပေးချင်ပါတယ် . ပေးစရာ တွေလဲ အများကြီး ရှိပါတယ် .


Download ifile.it | Mediafire | zshare | Ziddu

window server 2008 (မြန်မာလို)


တော်တော်များများ မျှော်နေတဲ့ စာအုပ်လေးပါ. အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. ဒီနေ့တော့ ဒီစာအုပ်တစ်အုပ်ပဲ တင်ပေးနိုင်တော့မယ်. နေမကောင်းဘူးဗျာ. ညတုန်းက တစ်ညလုံး အန်နေတာ.  အစာအိမ်ဖြစ်မယ် ထင်တယ်. ထိုင်းမှာက ထိုင်းစကားမတတ်တော့ အင်္ဂလိပ်လိုပြောတယ်. ထိုင်းက nurse မတွေကလဲ တော်လိုက်တာ ဆိုတော့ ပြောမနေနဲ့ တစ်လုံးမ မတတ်ဘူး. အဲ့ဒါနဲ့ ဆရာဝန်နဲ့ သွားတွေ့လိုက်တယ်. ဆရာဝန်ကလဲ တစ်လုံးစ နှစ်လုံးစပဲ ပြန်ပြောနိုင်တယ်. လုံးစေ့ပတ်စေ့ မရှင်းပြနိုင်ဘူး. အစာမာမစားနဲ့ ဆန်ပြုတ်ပဲ သောက် ဒါလောက်ပဲ ပြောလိုက်တယ်. စိတ်ပိန်တယ်ဗျာ. ကဲကဲ အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Download mirrorcreator | ifile.it | Mediafire | ziddu | zshare

No comments:

Post a Comment