Flash Song ကို ကူးပြီးအိမ်သယ်မယ် ...

ဒီဥစ္စာကို ကျွန်တော်ရှာတွေ့ခဲ့တာမဟုတ်ဘူးခင်ဗျ ... ကျွန်တော်အရင်က Google မှာပတ်ရှာခဲ့ဖူးတယ် .. မတွေ့ခဲ့ဘူး .. ဒါပေမယ့် .. အခုတော့ သိသွားပြီ .. mmflashsong.com က ဂျွန်ဖြိုး(ဖူးစာရှင်) ဆိုတဲ့ Admin ရေးထားတာပါခင်ဗျာ .. ကျွန်တော်က အဲ့ဒါကို နည်းနည်းပြန်ပြင်ပြီးပြောပြပါ့မယ် .. တိုက်ရိုက်ကူးထားတာတော့မဟုတ်ဘူး .. ပြင်ပြီးရေးထားတာပါ .. အဆင်ပိုပြေအောင်လို့ပါ ...

ပထမဆုံး သူငယ်ချင်းတို့ Download ဆွဲချင်တဲ့ ဂိမ်း ဒါမှမဟုတ် သီချင်းလင့်ကိုဖွင့်လိုက်ပါ ... ( Page မှာတင်ထားတဲ့ swf အကွက်သေးသေးလေးတွေ ကူးရင် မရဘူးလားဆိုတော့ ရပါတယ် .. ခက်ပါတယ် .. အခုက Full Screen မှာပေါ်တဲ့ SWF song or Game ဒေါင်းနည်းပဲ သင်ပေးမှာပါ )

အခု ကျွန်တော် flash song တစ်ခုကို ဖွင့်လိုက်ပါပြီ ..
ပြီးသွားရင် Tool Menu ထဲက Page Info ကိုယူလိုက်ပါ ...
အဲ့ထဲဝင်သွားရင် Media Tab ထဲကိုသွားပြီး Save As Button ကို နှိပ်လိုက်ပါ .....
ပြီးသွားရင် Save မှတ်တဲ့ Box ကျရင် ..
Save As Type မှာ All File
Name မှာ ( eg.     song.swf    )               ( .swf မထည့်လို့မရဘူးနော် )

ဒါဆိုရင် save မှတ်သွားလိမ့်မယ် .. ပြီးရင် အိမ်မှာပြန်နားထောင်လို့ရသွားတာပေါ့ဗျာ .. ဂိမ်းလေးတွေလည်းအဲ့လိုပါပဲ ....

စမ်းကူးကြည့်ချင်တယ်ဆိုရင် ကျွန်တော်ကူးခဲ့တဲ့ လင့်ကို ယူလိုက်ပါ .. သီချင်းနာမည်က အရမ်းပဲချစ်နေပြီတဲ့ ..

No comments:

Post a Comment