blogspot မှာ favicon ထည့်မည်

အခု ပြောပြချင်တာကတော့ လွယ်တဲ့ သင်ခန်းစာလေးတစ်ခုပါ .. မိမိ blogspot မှာ favicon ထည့်ခြင်းပါပဲ .. ကျွန်တော့် blogspot မှာတောင် ထည့်ထားသေးတယ် .. ခုလိုမျိုးလေးပါ ..

အခု ကျွန်တော်က www.futureskypeace.blogspot.com မှာ ထည့်ပြမယ်နော် .. ပထမဆုံး favicon လေး တစ်ခုအရင်လုပ်ရမှာပေါ့ခင်ဗျာ .. သူက .png ဆိုရင်ပိုကောင်းပါတယ် .. တစ်ခြား photo file ( .jpg , gif ) စတာတွေလည်း ရပါတယ် .. png က transparent ဖြစ်တဲ့ အတွက်ကြောင့် ပိုမိုလှပါတယ် .. favicon က လေးထောင့်လေးဆိုရင် .jpg နဲ့ လုပ်ထားတယ်လို့ မှန်းဆလို့ရပြီး blogger favicon ဆိုရင် .png နဲ့ လုပ်ထားတာဖြစ်ပါတယ် .. ယခုကြည့်ရအောင်ပါ .. အောက်မှာ နှိုင်းယှဉ်ပြထားပါတယ် ..




အခု photoshop ကို ဖွင့်ပြီး F ဆိုတဲ့စာလေးကို ရေးမယ်ဗျာ .. ကျွန်တော်တို့ favicon ကို လုပ်ရင် လေးထောင့် အတိဖြစ်တဲ့ ( စတုရန်း )ပုံကိုပဲ ပေးလုပ်ပါတယ် .. မဟုတ်ရင်တော့ ရမရမသေချာပါဘူး ..




အခုလို သိမ်းတဲ့ အခါ .png နဲ့သိမ်းမယ်ဆိုရင် အောက်ကလို background layer ကို မျက်လုံးမှိတ်ပြီး png ( none mode ) နဲ့သိမ်းရပါတယ် .. ဒီလိုမဟုတ်ပဲ ရိုးရိုး jpg နဲ့ဆိုရင်တော့ .. ဒီတိုင်းသိမ်းသွားရုံပါပဲ ..


ပြီးသွားရင် ပုံကို upload လုပ်ဖို့ www.photobucket.com ကိုသွားပါ .. အကောင့်တစ်ခုလုပ်ပြီး upload လုပ်ပါ ..

လုပ်ပြီးသွားရင် ရလာတဲ့ပုံပေါ်မှာ right click ထောက်ပြီး view image ကို နှိပ်လိုက်ပါ .. အောက်ကလိုလေးရလာရင် address bar ကစာတွေကို ကူးပြီး notepad ထဲမှာ ခဏထည့်ထားလိုက်ပါ ..



ဒါဆိုရင် upload လုပ်ပြီးသွားပြီ .. ကျွန်တော်တို့ရဲ့ blogspot ထဲက design ထဲဝင်ပြီး html မှာ ခုလိုလေးဝင်ပြင်ရအောင်ဗျာ ..



<link href='' rel='SHORTCUT ICON'/>
<link href='  ခင်ဗျားတို့ upload လုပ်ထားတဲ့ ဓာတ်ပုံဖိုင်လင့်ခ် ကို ဒီမှာထည့်ရမှာပါ  ' rel='shortcut icon' type='image/vnd.microsoft.icon'/>
example :

<head>
<b:include data='blog' name='all-head-content'/>
<title><data:blog.pageTitle/></title>
<link href='http://i1180.photobucket.com/albums/x413/kyawoomaung/th_favicon.png' rel='shortcut icon' type='image/vnd.microsoft.icon'/>
<b:skin><![CDATA[/*

ပြင်ပြီးသွားရင် html ကို သိမ်းလိုက်ပေါ့ ..  ဒါဆို ခုလိုလေးရလာပါပြီ ...

 



အားလုံးပဲ အဆင်ပြေပါစေ .... ^_^
www.wytusnake.blogspot.com

No comments:

Post a Comment