Offline Sign out or Log Out-လုပ်နည်း

တခါတလေ မိမိကိုယ်ပိုင် ကွန်ပျူတာ/ အင်တာနက်မှာ မဟုတ်ဘဲ...Internet Cafe-စသည်မှာ အင်တာနက်သွားသုံးလို့... အကြောင်းတခုကြောင့် အင်တာနက်ကျခဲ့ရင်... မိမိဖွင့်ထားတဲ့ gmail-ဖြစ်စေ/ တခြား sign in-၀င်ထားတဲ့ မိမိဖန်တီးထားတဲ့ ဆိုက်ဖြစ်စေ... Internet Off-line-ကနေ ပိတ်ရတဲ့ နည်းလေးပါ။
ဒီကိစ္စက တခါတရံ အပြင်မှာ အင်တာနက် သွားသုံးရင်, ဥပမာ- ရုတ်တရက် မီးပျက်သွားတဲ့အခါမျိုးမှာ ကိုယ်ဖွင့်ထားတဲ့ ကိုယ်ပိုင်ဆိုက်များ Sign out or Log out-လုပ်ဖို့ မီးပြန်လာသည်အထိ စောင့်ရသည်များ ရှိတတ်ပါတယ်။
တချို့ဆိုက်များကတော့ အင်တာနက်စာမျက်နှာ Cross (x)ကနေ ပိတ်လိုက်ရင် Sign out-ဖြစ်သွားပေမယ့် တချို့ဆိုက်များက အဲဒီလို ပိတ်လိုက်လို့ Sign out-မဖြစ်တဲ့ဆိုက်များလည်း ရှိတတ်ပါတယ်။ အဲဒီတော့ အခု သားသားလေး ပြောပြတဲ့ နည်းကို သုံးလိုက်ပါ၊ သင်- Sign in or log in-၀င်ထားတဲ့ ဆိုက်အားလုံး ပိတ်သွားပါလိမ့်မယ်။

လုပ်နည်းက---
မိမိဖွင့်ထားတဲ့ Mozilla Firefox-မှ
1/ Tools
2/ Clear Recent History (Ctrl+Shift+Delete key)
3/ ပေါ်လာမည့် box-မှ Clear Now-ကို ကလစ်လိုက်ပါ၊ ခဏစောင့်ပါ။
ခဏနေရင် မိမိဝင်ထားတဲ့ ဆိုက်အားလုံးရဲ့ လိပ်စာများ Delete-လုပ်လိုက်ပါလိမ့်မယ်။ ဒါဆို Mozilla Firefox-အသုံးပြုသူများအတွက် Sign out or Log out-လုပ်ခြင်း ကိစ္စပြီးပါပြီ။
မရှင်းရင် ပုံများကို ကြည့်ပါ၊ မြင်ကွင်းမရှင်းက ပုံပေါ်ကို ကလစ်ကြည့်လိုက်နော်....ဗျာ....
















Internet Explore-အသုံးပြုသူများအတွက်.... ဒီလိုသွားလိုက်ပါ...
မိမိဖွင့်ထားတဲ့ Internet Explore-မှ
1/ Tools
2/ Internet Options-ကိုကလစ်ပါ
3/ ကျလာမည့် ဘောက်စ်မှ-General-ကိုရွေးပါ
4/ Delete-ဆိုတဲ့ Icon-လေးကို ကလစ်လိုက်ပါ။
5/ နောက်ထပ် သင်ဖျက်ချင်တာ ဖျက်ဖို့ ဘောက်စ်တခုကျလာမည်။
6/ ပုံပါတိုင်း Delete-ဆက်လုပ်လိုက်ပါ၊ ခဏစောင့်လိုက်ပါ။
Internet Explore-အသုံးပြုသူများအတွက်... မိမိဖွင့်ထားသော မေးလ်များ/ ဆိုက်များ ပိတ်ခြင်း (sign out or Log out)လုပ်ခြင်း ကိစ္စပြီးပါပြီ။

တကယ်ကတော့ ဒီနည်းက မိမိဝင်ပြီးသား ဆိုက်လိပ်စာများကို Delete-လုပ်ပစ်ခြင်းပါ။ 

ဒါပေမယ့် သားသားလေးက ဒီနည်းနဲ့ (Internet Off-line-ဖြစ်နေတဲ့အချိန်မှာ Log out or Sign out)-လုပ်လို့ ရတဲ့အကြောင်း ပြောပြလိုခြင်းပါ။ အင်း....သိပြီးသားလည်း ဖြစ်ချင် ဖြစ်ကြမှာပါ။ 








No comments:

Post a Comment